Polytechnic Entrance

𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 နိုင်ငံရှိ ကမ္ဘာ့အသိအမှတ်ပြု 𝐏𝐨𝐥𝐲𝐭𝐞𝐜𝐡𝐧𝐢𝐜 ကျောင်းများအကြောင်း (သိရှိလိုသော မိဘများနှင့် ကျောင်းသားကျောင်းသူများ အတွက်)
🔻🔻🔻🔻🔻🔻🔻
(သို့မဟုတ်)
𝐀 𝐆𝐨𝐨𝐝 𝐏𝐚𝐭𝐡𝐰𝐚𝐲 𝐟𝐨𝐫 𝐅𝐮𝐫𝐭𝐡𝐞𝐫 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 𝐚𝐧𝐝 𝐅𝐮𝐭𝐮𝐫𝐞 𝐅𝐚𝐧𝐭𝐚𝐬𝐭𝐢𝐜 𝐋𝐢𝐟𝐞 𝐏𝐥𝐚𝐧 𝐀𝐡𝐞𝐚𝐝 (𝐏𝐚𝐫𝐭 𝟐)! (နိုင်ငံခြားရှိ ကမ္ဘာ့အသိအမှတ်ပြု ကောလိပ်၊ တက္ကသိုလ်ကြီးများတွင် ပညာဆက်လက် ဆည်းပူးနိုင်မည့် လမ်းကြောင်းကောင်းတစ်ခုအကြောင်း-----)
🔷🔷🔷🔷🔷🔷🔷🔷🔷
စင်ကာပူနိုင်ငံရှိ 𝐏𝐨𝐥𝐲𝐭𝐞𝐜𝐡𝐧𝐢𝐜 သိပ္ပံ‌ကျောင်းများဟာ သုံးနှစ်တာတက်ရောက် သင်ယူရမှာဖြစ်ပါတယ်။ သင်ယူပြီး‌မြောက်ပါက နိုင်ငံတကားစံနှုန်းများအရ UK မှ GCE A Level / Us မှ 12 year high school equivalent အဆင့်ရှိတဲ့ Diploma ကိုရရှိမှာဖြစ်ပါတယ်။

Polytechnic ကျောင်းများမှာရလာတဲ့ Diploma ဘွဲ့များသည် ကမ္ဘာ့အသိအမှတ်ပြုခြင်းခံကြရပါတယ်။ ဒါကြောင့်လည်း Poly Diploma မှာ အမှတ်ကောင်းပါက ကမ္ဘာထိပ်တန်းအဆင့်ရှိ "World Ranking 1 to 20, ကမ္ဘာ့အဆင့် ၂၀ အတွင်း စာရင်းဝင်သော စင်ကာပူအစိုးရတက္ကသိုလ်ကြီးများ ဖြစ်တဲ့ NTU / NUS စသည်တို့မှာ တက်ရောက်သင်ယူခွင့် ရရှိတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှ Bachelor Degree ဆက်တက်ခွင့်ရရန်အတွက် Poly Diploma မှာ အမှတ်ကောင်းဖို့တော့လိုပါတယ်။ သို့ရာတွင် ကျောင်းသား / သူ များအနေဖြင့် အမှတ်ကောင်းမှ ၀င်ခွင့်ရမည်ကို စိုးရိမ်စရာမရှိပါ။ Poly တက်ရောက်နေသော မြန်မာကျောင်းသား / သူများက မူလအခံ စာပေထူးချွန်သူများဖြစ်ပြီး ၊ Polytechnics တွင်လာရောက်သင်ယူနေတဲ့ စင်ကာပူနိုင်ငံသား အများစုက‌တော့ဖြင့် စာသိပ်မထူးချွန်သူများ ဖြစ်သည့်အတွက်ကြောင့် မြန်မာကျာင်းသားများအတွက် အဆင့်ကောငိးကောင်းရရှိအောင်မြင်ဖို့သိပ်မခက်ဘဲ ကမ္ဘ့ာထိပ်တန်းအဆင့်ရှိ NTU / NUS မှာ၀င်ခွင့်ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အထူးသဖြင့် မိမိတက်ရောက်နေတဲ့ Major မှာ Top 10 ဖြစ်ပြီး Diploma with merit ရရင်ပိုသေချာပါတယ်။

စင်ကာပူအစိုးရတက္ကသိုလ်ကြီးများဖြစ်တဲ့ NTU / NUS တို့မှာ Bachelor Degree ဆက်တက်ခွင့်ရသူတချို့က မိဘထောက်ပံမှုဖြင့် တက္ကသိုလ်ဆက်တက်ပြီး တချို့က မိဘထောက်ပံမှုကိုမယူပဲ ကိုယ်အားကိုယ်ကိုးစနစ်ဖြင့် part time အလုပ်များလုပ်ပြီး ကျောင်းဆက်တက်နိုင်ပါတယ်နော်။ အစိုးရတက္ကသိုလ် ၀င်ခွင့်မရသူများအနေဖြင့် တခြား Private University တွေမှာလဲ Bachelor Degree ယူလို့ရတာကတော့ အထူးပြောစရာပင်မလိုဖြစ်ပါတယ်။

စင်ကာပူပိုလီကျောင်းများမှာ ၀င်ခွင့်ရပြီဆိုပါက ကျောင်းစရိတ်များကိုလဲ မိဘများအနေဖြင့် အထူးစိုရိမ်းစရာမလိုပါ။ ဘာကြောင့်လဲဆိုတော့ စင်ကာပူအစိုးရက Tuition Grant အနေဖြင့် ကျောင်းလခ 70 % ပေးခြင်း ၊ ကျန် 30 % ရဲ့ တ၀က် 15 % ကိုလဲ ဘဏ်မှချေးငွေဖြင့် ချေးယူကာကျောင်းပြီးမှ အတိုးနှုန်းသက်သာစွာဖြင့် ပြန်ဆပ်နိုင်ခြင်း ၊ ကျန် 15 % ကိုတော့ ကျောင်းတက်ရောက်နေစဥ်ကာလမှာ ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါအပြင် Polytechnics သိပ္ပံကျောင်းများဟာ အစိုးရကျောင်းတွေဖြစ်သည့် အတွက်‌ကြောင့် အထူးခွင့်ရေးနေဖြင့် ကျောင်းသား / သူများ Part Time အလုပ်တွေကိုလည်း တရား၀င်လုပ်လို့ရပါတယ်။ Polytechnics အစိုးရကျောင်းသား/သူ များဟာ မိဘတွေရဲ့ထောက်မှုကိုမယူကြပဲ Part time အလုပ်တွေလုပ်ပြီး ကျောင်းကိုလည်း Facility အပြည့်၀ဖြင့် (ဥပမာ - ရေကူးကန် ၊ gyn ၊ basketball ) စတာတွေကို မိမိ၀ါသနာပါရာ အသုံးပြုပြီး ကျောင်းကိုစမတ်ကျကျ တက်ရောက်နိုင်ပါသည်။

ကျောင်းပြီးပါကလည်း Polyကျောင်းသားများ အနေဖြင့် အလုပ်မရမည်ကို စိုးရိမ်းစရာ လုံဝ မရှိပါ။ Polytechnic ကျောင်းမှပြီးတာနဲ့ ကျောင်းသားအများစုက အလုပ်ရတာ ရာခိုင်းနှုန်းများပါတယ်။ အစိုးရကပေးတဲ့ Tuition Grant အတွက်သုံးနှစ်စင်ကာပူမှာ အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပင် ကျောင်းပြီးတာနဲ့ သုံးလအလုပ်ရှာခွင့်ပေးထားပါတယ်။ Private ကျောင်းများလို့ တစ်လအတွင်းသာ အလုပ်ရှာခွင့်ပေးပြီး အလုပ်မရရင် မြန်မာပြည်ပြန်လာရတဲ့ အဖြစ်မျိုးမရှိပါ။
တစ်ခုတော့ရှိသည် - ယခုအခါ ကောလာဟလ ပြောဆိုနေကြသော Singapore မှာ poly ပြီးလည်း အလုပ်မရပါဘူးကွာ၊ NTU / NUS တက္ကသိုလ်ပြီးလည်း အလုပ်မရပါဘူးကွာ စသဖြင့် မကြာခဏပင်ကြားရလေ့ရှိကြပါမည်၊ မှန်ပါသလော ??? လုံးဝ (လုံးဝ) မဟုတ်ပါဘူးနော်။

ဒါဆိုဘာလဲပေါ့ ???? Poly Diploma, NTU / NUS Degree စသည်တို့သည် သင်တို့ အလုပ်ရရမည်ဟူသော အာမခံချက်မဟုတ်ပါ။ ယေဘူယျအားဖြင့် ၎င်းကျောင်းဆင်းတို့သည် အများအားဖြင့် Theory and Practical စာတွေ့လက်တွေ့ qualify ဖြစ်ကြသူများဖြစ်ကာ လုပ်ငန်းခွင် operation ground တို့တွင် လူတော်များဖြစ်ကြကာ essential key players များဖြစ်လေ့ရှိကြသောကြောင့် ၎င်းကျောင်းဆင်း Diploma, Degree, Master Degree holder များ အလုပ်လျှောက်လွှာ CV များတင်ကြပါက အလုပ်ရှင် companies အားလုံးလိုလိုက (HR များက၊ Director များ စသည်) ၎င်း Poly Diploma စသည် ဘွဲ့ကြောင့် Interview ခေါ်ယူတွေ့ဆုံခံရဖို့ရန် သေချာသလောက် အာမခံချက်တစ်ခုဖြစ်ပါပေမည်။ အလုပ်ရခြင်း/မရခြင်း မှာမူကား ၎င်းနှင့်မဆိုင်ပါပေ၊ အောက်ထစ်ဆုံး လုပ်သက် experience လုံဝမရှိသေးသော Fresh Graduate ပင်ဖြစ်သော်လည်း Interview ခန်းထဲမှာမေးမြန်းမည့် အလုပ်နှင့်ပတ်သက်၍ မည်မျှနားလည်သည်၊ ဗဟုသုတရှိမည်၊ သင်ကြားခဲ့သော theory များကို လက်တွေ့လုပ်ငန်းခွင်နှင့်ပတ်သက်၍ မည်မျှတတ်သည်၊ team work environment စသည်နဲ့ဘယ်လို သဟဇာတဖြစ်မည် --- စသည်တို့နှင့်ပတ်သက်သော မိမိ၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်သာ မှီတည်တော့မည်ဖြစ်ပါပေမည်။ အချုပ်ဆိုရသော် မိမိကျောင်းတက်ခဲ့စဉ်က စာတွေ့ပဲတတ်ခဲ့တာလား၊ ဒါသင်ရင် ဒါပဲတတ်ခဲ့တာလား၊ စာတွေ့ပဲတော်သိခဲ့ပြီး လက်တွေ့ operation နှင့်ပတ်သက်၍ မသိခဲ့တာလား စသဖြင့်ပေါ်မူတည်ပြီးသာလျှင် အလုပ်ခန့်ခြင်း ခံရမှု/အခံရမှု စကားပြောခံရခြင်းသာဖြစ်ပါပေမည်။ စာတွေ့ လက်တွေ့ သိနားလည်နေသူ, Education Qualification အရသာမက Professional Qualify ပါ ပြည့်စုံနေသူတစ်ဦးအတွက်မူ အလုပ်ရှင်တိုင်းက, Manager တိုင်းက ကြိုဆိုနေမည်သာဖြစ်ပေမည်။ ဒါဆို ခုနက Poly ဘွဲ့ စတာတွေက Interview ခေါ်ခံရရုံပဲလားဆိုတော့ --- မဟုတ်ပါ၊ အခု အလုပ်ခန့်ခြင်းခံရပြီးသော နိုင်ငံခြားသားဖြစ်သည့် မိမိအတွက် သက်ဆိုင်ရာအစိုးရထံတွင် အလုပ်လုပ်ခွင့်ပါမစ် S-Pass, Employment Pass စသည်တို့လျှောက်ထားချိန်တွင် Approval ဖြစ်ဖို့ / Reject မထိဖို့အတွက် ၎င်း ဘွဲ့များက 100% အာမခံပေးမည်ဖြစ်ပါသည်ပေါ့။ ဒါဆိုရင်တော့ Poly မှရသော Diploma စသည်တို့ မည်မျှတန်ဘိုးရှိသည်ကို သိနိုင်ကြပါပြီ။ ဒါကြောင့် ကျောင်းသူကျေားသားများအနေဖြင့် ကျောင်းစာကို စာတွေ့လက်တွေ့ တော်တတ်အောင် သင်ယူဆည်းပူးကြဖို့တော့ လိုပါပေမည်ဟု တိုက်တွန်းလိုပါသည်။

မြန်မာကျောင်းသား / သူများ Poly ၀င်ခွင့်ရရန်အတွက် IGCSE O Level (သို့ ) မြန်မာဆယ်တန်းကို အောင်ရမည် ဖြစ်ပါတယ်။
IGCSE ကျောင်းသားများကတော့ IG အမှတ်နဲ့ Poly ကျောင်းများကိုdirect admission ဖြင့် ဝင်ခွင့်ဖြေစရာမလိုဘဲ တိုက်ရိုက် Join လို့ရပါသည်၊ ဝင်ခွင့်ရရန် ပို၍လည်း အခွင့်အရေးရှိပါတယ်။ IGCSE အောင်ရာတွင်လည်း CIE ၏ IGCSE သာမက Edexcel ၏ IGCSE ရော မည်သည့် IG မဆို Poly ကျောင်းများက လက်ခံကြပါသည်၊ အရေးကြီးသည်မှာ CIE ဖြစ်ဖြစ်၊ Edexcel ဖြစ်ဖြစ် အောင်မှတ်များကောင်းမှုနှင့် English ကို EFL ဘာသာရပ်‌ ဖြစ်ဖို့သာ လိုပါပေသည်။
မြန်မာ ၁၀-တန်းအောင် ကလေးများအတွက်ကတော့ Poly ကျောင်းရရန်အတွက် ပိုလီဝင်ခွင့်စာ‌မေးပွဲများကို နှစ်စဉ် 31st January လောက်တွင် ဖြေဆိုကာ competitive basic ဖြင့် ကျောင်းဝင်ခွင့်များကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ ၀င်ခွင့်စာမေးပွဲအတွက် (shortlist) ဝင်ရောက် ဖြေဆိုခွင့် ရဖို့အတွက်ဆိုလျှင် English ၊ Maths နှစ်ဘာသာလုံးမှာ အမှတ် (70) စီကျော်ကာ တခြားဘာသာရပ်နှစ်ခုတွင် အမှတ် (70) ကျော်ပြီး စုစုပေါင်းအမှတ်က (480) ကျော်ရရှိမှသာ ဝင်ရောက်ဖြေဆိုခွင့် ရရှိနိုင်မှု သေချာမှာဖြစ်ပါတယ်။ (နောက်တစ်ခု အရေးကြီးတာတစ်ခုက အကယ်၍ ဘွဲ့ရဖြစ်ခဲ့သော် ၎င်းဘွဲ့ စသည်ကို ကျောင်းလျှောက်စဉ် omit လုပ်ထားရမှာ ဖြစ်ပါသည်။)

Poly ၀င်ခွင့်အတွက် ဖြေဆိုတဲ့ဘာသာရပ် အများစုကတော့ General English , (IELTS), Mathematics , Physics or Chemistry or Combine Science တို့ကိုအဖြေများကြပါတယ်။
ပိုလီဝင်ခွင့်ဖြေဆိုမည့်အခါ competitive basic ဖြင့်ရွေးခြယ်မှာမို့ ဖြေဆိုမည့်ဘာသာရပ်တိုင်းကို ကောင်းမွန်မှန်ကန်စွာဖြေဆိုနိုင်ကြရမှာလည်းဖြစ်ပါတယ်။ ထို့ကြောင့်ပင် ၁၀ တန်းအမှတ်‌ပေါင်းမည်မျှပင်များနေသူဖြစ်စေကာမူ ဝင်ခွင့်စာမေးပွဲများအတွက် အနည်းဆုံး ၆ လ - ၇ လ ခန့်ကပင် ကြိုတင်၍ Poly ဝင်ခွင့် သင်တန်းများသို့ တက်ရောက်ပြင်ဆင်ကြ ကြိုးစားထားကြဖို့ လိုမည်ဖြစ်ပါသည်ဆိုတာကိုလည်း အကြံပေးတိုက်တွန်းလိုက်ရပါသည်။
𝐖𝐄𝐂 မှ ဖွင့်လှစ်သည့် 𝐏𝐨𝐥𝐲 𝐄𝐧𝐭𝐫𝐚𝐧𝐜𝐞 သင်တန်းများနှင့်စပ်လျဉ်း၍လည်း အောက်ပါ ဖုန်း, email များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Ph - 09 263 212 109 , 09 443 693 546, 09 430 206 45, 09 69 100 50 50
email - info@wec-wisdomeducation.com
𝐖𝐢𝐬𝐝𝐨𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐖𝐄𝐂)
Edexcel Approved Centre - 91985